• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်လုပ်ငန်းကုမ္ပဏီများသည် ခက်ခဲသော စစ်ပွဲ ရင်ဆိုင်ရန် အဆင်သင့် ဖြစ်သင့်သည်ဟု တရုတ် ကုန်သွယ်ရေး ဒုဝန်ကြီးဟောင်း ဆို

(GMT+08:00) 2018-04-23 09:26:35

အမေရိကန်က ZTE ဆက်သွယ်ရေး ကုမ္ပဏီအား အရေးယူ ပိတ်ဆို့မှု ကိစ္စနှင့် ပတ်သက်ပြီး ယခုလ ၂၁ ရက်နေ့က တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း၊ တရုတ် နိုင်ငံတကာ စီးပွါးရေး ကူးလူးဖလှယ်ရေး စင်တာ ဒုဥက္ကဋ္ဌ ဝေ့ကျန့်ကိုက၊ ZTE အရေးအခင်းသည် အမေရိကန်၏ တရုတ်ပြည်အား ရည်စူးသော ကုန်သွယ်ရေး စစ်ပွဲ အဆင့်မြှင့်တင်ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ တရုတ်ပြည်၏ ကိုယ်ပိုင် ဆန်းသစ်တီထွင် စွမ်းအားကို တိုက်ဖျက်ရန် ဖြစ်ကြောင်း စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားပါသည်။

၎င်းက၊ တစ်ကမ္ဘာလုံးမှ အိုင်တီ၊ ဆက်သွယ်ရေး၊ ရေဒီယို၊ ချစ်ပ်၊ ဇင့်ပြား ထုတ်လုပ်ရေး လုပ်ငန်းကုမ္ပဏီများ ဘေးအန္တရာယ်ကျသည့်အထိ ဂယက်ရိုက်ခတ်မှု ခံရမည် ဖြစ်ကြောင်း၊ မိမိတို့သည် သွေးစည်ညီညွတ်ပြီး ထရန့်အစိုးရ၏ စိန်ခေါ်မှုနှင့် အတိုင်းအတာ ပိုမို ကြီးမားသော ကုန်သွယ်ရေး စစ်ပွဲကို ရင်ဆိုင်ဖြေရှင်းရန် အဆင့်သင့် ဖြစ်သင့်ပါကြောင်း ပြောကြားပါသည်။

   Webradio