• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ မြန်မာသမ္မတဟောင်း ဦးသိန်းစိန်နှင့် တွေ့ဆုံ

(GMT+08:00) 2018-04-23 10:46:00

      တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည်၊ ယခုလ ၂၂ ရက်နေ့က တျောက်ယွီထိုင်-နိုင်ငံတော်ဧည့်ဂေဟာ၌ မြန်မာနိုင်ငံသမ္မတဟောင်း ဦးသိန်းစိန် နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ဝမ်ယိက တရုတ်၊ မြန်မာ ၂ နိုင်ငံခေါင်းဆောင်တို့၏ အတူတွန်းအားပေးမှုကြောင့် ၂ နိုင်ငံဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုသည်၊ လျင်မြန် စွာ တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ဦးသိန်းစိန်က မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွန်းအားပေးရေး၊ စီးပွားရေး၊လူမှုရေး ဖွံ့ဖြိုး စေရေးအတွက် တရုတ်ပြည်မှ ကြာရှည်သော အားပေးထောက်ခံခြင်းအပေါ် ကျေးဇူးတင်ရှိ ပါကြောင်း၊ မြန်မာ-တရုတ်ဘက်စုံမဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှု တစ်ဆင့်တက် ဖွံ့ဖြိုးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။

   Webradio