• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားပြဿနာကို ဖြေရှင်းနိုင်သည့်တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံရေးနည်းလမ်း ပင် ဖြစ်သည်ဟု တရုတ်အထူးသံ ဆို

(GMT+08:00) 2018-04-23 10:47:16

      အီဂျစ်နိုင်ငံတွင် ခရီးလှည့်လည်နေသော တရုတ်အစိုးရ၏ ဆီးရီးယားပြဿနာရေးရာ အထူးသံတမန် ရှဲ့ရှောင်ယန်က၊ ဘက်အသီးသီးတို့အနေနှင့် လက်ရှိတင်းမာသော အခြေအနေကို ပိုမိုဆိုးရွားစေခြင်းမလုပ်ဘဲ၊ ထိရောက်သော လုပ်ဆောင်ချက်များဖြင့် လျော့ပါစေသင့်ကြောင်း ယခုလ ၂၂ ရက်နေ့က ကိုင်ရိုမြို့၌ ပြည်တွင်းပြည်ပ သတင်းထောက်များအား ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်ကဖော်ပြသည်။

ဆက်လက်၍ ရှဲ့ရှောင်ယန်က နိုင်ငံရေးနည်းလမ်းသည်၊ ဆီးရီးယားပြဿနာကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်း အရ သိရသည်။

   Webradio