• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မကာအိုအခြေစိုက် မြန်မာပြည်ဖွားတရုတ်အနွယ်ပွားများအပြန်အလှန်ကူညီထောက်ပံ့ရေး အဖွဲ့ သင်္ကြန်ပွဲတော်လှုပ်ရှားမှုများကျင်းပ

(GMT+08:00) 2018-04-23 11:05:39

မကာအိုအခြေစိုက် မြန်မာပြည်ဖွားတရုတ်အနွယ်ပွားများအပြန်အလှန်ကူညီ ထောက်ပံ့ရေးအဖွဲ့သည် ယမန်နေ့ ၂၂ ရက်နေ့က လုံဟွမ်ဖူယွင်၌ ၂၃ ကြိမ်မြောက် မကာအို မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ရေသဘင်ပွဲတော်ကို ကျင်းပခဲ့သည်။ဟောင်ကောင်၊ မကာအိုဆိုင်ရာ အရှေ့တောင်အာရှနိုင်ငံကောင်စစ်ဝန်ရုံးများ၊ ပြည်တွင်းပြည်ပသက်ဆိုင် ရာ အဖွဲ့အစည်းမှကိုယ်စားလှယ်များနှင့် အရပ်သူအရပ်သား၊ ခရီးသည်များ ပါဝင်ခဲ့ကြသည် ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

မကာအိုအခြေစိုက် မြန်မာပြည်ဖွားတရုတ်အနွယ်ပွားများ အပြန်အလှန်ကူညီ ထောက်ပံ့ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဟွမ်ချုံချင်က မြန်မာပြည်ဖွားတရုတ်အနွယ်ပွားများ သင်္ကြန်ပွဲတော်လှုပ်ရှားမှုသည် ယခုနှစ်ဆိုလျှင် ၂၃ ကြိမ်မြောက်ရှိပြီး အကြီးစားယဉ်ကျေးမှု လှုပ်ရှားမှုဖြင့် အရှေ့တောင်အာရှရိုးရာဓလေ့ထုံးစံ ထူးခြားချက်ရှိသော မြန်မာ့ရိုးရာနှစ်သစ်ကို နွှဲပျော်ခဲ့ကြောင်း၊ လွန်ခဲ့သည့်၃၊ ၄ နှစ်အတွင်း အထူးကိုယ်ပိုင်အုပ် ချုပ်ရေးဒေသအစိုးရ၏ အားဖြည့်ထောက်ခံမှုနှင့် မြန်မာပြည်ဖွားတရုတ်အနွယ်ပွားများ၏ ပြုစုပျိုးထောင်မှုကြောင့် ယင်းလှုပ်ရှားမှုသည် မကာအိုနိုင်ငံတကာခရီးသွားမြို့၏ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီဖြစ်ကြောင်း၊ အနာဂတ်တွင် ဆက်လက်ကြိုးစားအားထုတ်၊ ဆန်းသစ်ပြီး ယင်းလှုပ်ရှားမှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဟွမ်ချုံချင်က ၁၉၈၀ပြည့်နှစ်တွင် မကာအိုရှိ မြန်မာပြည်ဖွားတရုတ်အနွယ်ပွားများ သည် ၂ သောင်းခန့်ရှိပြီး နှစ်၃၀ကျော်ပြီးနောက် လက်ရှိအချိန်တွင် လူ ၁ သိန်းခန့်ရှိကြောင်း၊ ၄င်းအနက် လူအများအပြားသည် မြန်မာနိုင်ငံနှင့် နီးကပ်သော ကူးလူး ဆက်ဆံမှုရှိနေသေး၍ မကာအိုနှင့် မြန်မာအကြား ပေါင်းကူးတံတားဖြစ်ပြီဖြစ်ကြောင်း ပြော ကြားသည်။

မကာအိုပူတိုအလယ်တန်းကျောင်းမှ ကျောင်းသား ရှောင်ဝူက ရေပက်ခြင်းသည် မြန်မာနိုင်ငံတွင် နှစ်သစ်ဆုတောင်းခြင်းကို ကိုယ်စားပြုကြောင်း၊ သင်္ကြန်ပွဲတော်ပါဝင်ခြင်းဖြင့် မြန်မာယဉ်ကျေးမှုအပေါ် သိရှိနားလည်မှုကို တိုးများရုံသာမက အလွန်ဝမ်းသာမိကြောင်းပြောကြားသည်။

နှစ်ရက်ကြာ မြန်မာပြည်ဖွားတရုတ်အနွယ်ပွားများသင်္ကြန်ပွဲတော်တွင် ဓါတ်ပုံပြပွဲ၊ ပန်းလှည်းလှည့်လည်ပွဲ၊ ရေပက်လှည့်လည်ပွဲ၊ မြန်မာနှင့်အရှေ့တောင်အာရှစား သောက်ဖွယ်ရာယဉ်ကျေးမှုလမ်း၊ တိုင်းရင်းသားအဆိုအကပတေသာကပွဲ စသည့် လှုပ်ရှားမှုများကို ကျင်းပခဲ့သည်ဟုသိရသည်။

   Webradio