|
||||||||
|
|||||||||||||
အာဖဂန်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ၂၂ ရက်နေ့ကသတင်းအရ ထိုနေ့က အာဖဂန်နိုင်ငံမြို့တော် ကဘူးလ်ရှိ မဲပေးသူမှတ်ပုံတင်စခန်းတစ်ခု အနီးတဝိုက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားသောကြောင့် လူအနည်းဆုံး ၅၇ ဦးသေဆုံးပြီး ၁၁၉ ဦးဒဏ်ရာရရှိခဲ့ သည်ဟုဆင်ဟွာသတင်းအရသိရသည်။
အစွန်းရောက်အဖွဲ့ အိုင်အက်စ်အဖွဲ့သည် ယင်းတိုက်ခိုက်မှုကို ပြုလုပ်သည်ဟုကြေညာခဲ့ သည်။ အာဖဂန်ထိပ်တန်းအမှုဆောင်အရာရှိ အာဘူဒူလာ၊ သမ္မတဟောင်းကာဇာအီတို့ သည် ထိုနေ့က ယင်းတိုက်ခိုက်မှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်ဟုသိရသည်။
|