• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှား၌ သင်္ဘောနစ်မြုပ်ခြင်းကြောင့် လူ ၁ ဦးထက်မနည်းသေဆုံးပြီး ၄၀ ဦးခန့် ပျောက်ဆုံးနေ

(GMT+08:00) 2018-06-19 16:28:34

        ယခုလ ၁၈ ရက်နေ့က အင်ဒိုနီးရှား မြောက်ဆူမာထရာပြည်နယ် တိုဘာရေကန်၌ သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား အစိုးရအရာရှိတစ်ဦးက ပြောကြားသည်။ အင်ဒိုနီးရှားမီဒီယာများက ရဲဌာနမှ သတင်းကို ကိုးကား၍ လူ ၄၀ ခန့် ပျောက်ဆုံးနေကြောင်း ရေးသားဖော်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ဒေသစံတော်ချိန် ၁၈ ရက်နေ့ မွန်းလွဲ ၅ နာရီခွဲခန့်တွင် ခရီးသည် ၈၀ ခန့် တင်ဆောင်ထားသော ကူးတို့သင်္ဘောတစ်စင်းသည် ဆိပ်ကမ်းနှင့် မီတာ ၁၆၀၀ ခန့်ဝေးသော နေရာ၌ ရုတ်တရက် နစ်မြုပ်ခဲ့ကြောင်း၊ ပဏာမ စုံစမ်းစစ်ဆေးရေး ရလဒ်အရ ရာသီဥတု ဆိုးရွာခြင်းကြောင့် သင်္ဘောနစ်မြုပ်နိုင်ဖွယ်ရာရှိကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စူတိုပိုက အစိုးရ တွစ်တာ၌ ရေးသားသည်။

   Webradio