• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဇွန်လ ၁၈ရက်နေ့က အမေရိကန် အိမ်ဖြူတော်မှ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

(GMT+08:00) 2018-06-19 17:16:36

ဇွန်လ ၁၈ရက်နေ့က အမေရိကန် အိမ်ဖြူတော်မှ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားရာတွင် တရုတ်ပြည်မှ အမေရိကန်သို့ တင်သွင်းသော အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ဖိုးရှိသော ကုန်ပစ္စည်းများ အပေါ် အခွန်တိုးကောက်ရန် စာရင်းဇယားကို အမေရိကန်မှ ထုတ်ပြန်ပြီး အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀၀ဖိုးရှိသော တရုတ်ထုတ်ကုန်ပစ္စည်း အပေါ် အခွန် ထပ်တိုးကောက်ရန် စာရင်းဇယားကို ချမှတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ယင်းခြိမ်းခြောက်မှု လုပ်ရပ်သည် တရုတ်နှင့် အမေရိကန် နှစ်ဖက်တို့၏ ညှိနှိုင်းဆွေးနွေးပွဲများမှ ရရှိခဲ့သော သဘောတူညီမှုများနှင့် ဖီလာဆန့်ကျင် ဖြစ်ပြီး နိုင်ငံတကာ မိသားစုကြီးကို စိတ်ပျက်စေကြောင်း၊ အမေရိကန် အနေဖြင့် ဆင်ခြင်မှု မရှိဘဲ စာရင်းဇယားကို ထုတ်ပြန်ပါက တရုတ်ပြည် အနေနှင့် အားကောင်းစွာ တုံ့ပြန်သည့် အနေဖြင့် ညီမျှသော အထွေထွေ ဆောင်ရွက်ချက်များကို ကျင့်သုံးရမည် ဖြစ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းပြောရေးဆိုခွင့်ရှိသူက အမေရိကန်မှ ကုန်သွယ်မှု စစ်ပွဲကို လှုံ့ဆော်ခြင်းသည် ဈေးကွက်ဥပဒေသနှင့် ဖီလာဆန့်ကျင် ဖြစ်ပြီး လက်ရှိ ကမ္ဘာ ဖွံ့ဖြိုးရေး ရေစီးကြောင်းနှင့် မကိုက်ညီကြောင်း၊ ယင်းသည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ပြည်သူများနှင့်  ကုမ္ပဏီများ၏ အကျိုးစီးပွားကိုရော၊ တစ်ကမ္ဘာလုံး ပြည်သူများ၏ အကျိုးစီးပွားကိုပါ ထိခိုက်စေခဲ့ကြောင်း၊ တရုတ်ပြည်၏ တုံ့ပြန်မှုသည် နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွား၊ လွတ်လပ်သော ကုန်သွယ်ရေး စံနစ်နှင့် လူသားတို့၏ ဘုံအကျိုးစီးပွားကို ထိန်းသိမ်း ကာကွယ်ရန် ရည်ရွယ်ထားကြောင်း၊ ပြင်ပမှ အခြေအနေ မည်သို့ ပြောင်းလဲမည်ဖြစ်စေ၊ တရုတ်ပြည်သည် ပြည်သူများကို ဗဟိုပြုခြင်းအား စွဲကိုင်ပြီး ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်မှုနှင့် စီးပွားရေး အရည်အသွေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ခိုင်မာပြတ်သားစွာ တွန်းအားပေးကာ ခေတ်မီ စီးပွားရေး စနစ် တည်ဆောက်ရေးကို အရှိန်မြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

 

   Webradio