• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် မြောက်ကိုးရီးယား လုပ်သားပါတီ ကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်နှင့် တွေ့ဆုံ

(GMT+08:00) 2018-06-20 08:31:56

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၉ ရက်နေ့တွင် ပီကင်းသို့ လာရောက် ခရီးလှည့်လည်နေသော မြောက်ကိုးရီးယား လုပ်သားပါတီ ကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ခေါင်းဆောင် နှစ်ဦးတို့သည် မျက်မှောက်ကာလ၌ တရုတ်-မြောက်ကိုးရီးယား ဆက်ဆံမှုနှင့် ကိုးရီးယားကျွန်းဆွယ် အခြေအနေနှင့် ပတ်သက်ပြီး နက်ရှိုင်း ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှုကို ကောင်းမွန်စွာ ထိန်းသိမ်မည် ဖြစ်ပြီး ခိုင်မာအောင် ဆောင်ရွက်ကာ ကောင်းမွန်စွာ တိုးမြှင့်မည်ဟု ဖေါ်ပြကြကြောင်း၊ ကိုးရီးယား ကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်သော အရှိန်ကောင်း ဆက်လက် တိုးတက်လာရန် လက်တွဲ တွန်းအားပေးမည် ဖြစ်ပြီး နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး၊ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းရန်အတွက် တက်ကြွစွာ အကျိုးပြု ဆောင်ရွက်သွားမည်ဟုလည်း ခေါင်းဆောင် နှစ်ဦးက ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

   Webradio