• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ကန်နုတ်ထွက်

(GMT+08:00) 2018-06-20 10:40:33

        အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ နုတ်ထွက်ကြောင်း ယခုလ ၁၉ ရက်နေ့က အမေရိကန်အရာရှိတစ်ဦးက ကြေညာခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ယခုလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ် ဟေလီသည် မီဒီယာများအား အဆိုပါဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။ အမေရိကန်ပြည်ဘက်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် အစ္စရေးအား တစ်ဘက်သတ်တစ်ယူသန်မြင်ရှိပြီး လူ့အခွင့်အရေးကို အကျိုးသက်ရောက်မှုရှိရှိဖြင့် ကာကွယ်ပေးနိုင်မည်မဟုတ်ကြောင်း ပြောကြားသည်။

        ထိုနေ့တွင်ပင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတာရက်က အမေရိကန်နိုင်ငံ၏ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ခြင်းအပေါ် ဝမ်းနည်းကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။

   Webradio