• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံတကာအဖွဲ့ အစည်းတစ်ခုဖြစ်သော တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဖောင်ဒေးရှင်း (CFPA) မှ ရှမ်းပြည်နယ် အတွင်းရှိ မူလတန်းကျောင်းသား ကလေးများ အတွက် လွယ်အိတ် နှင့် ကျောင်းသုံးစာရေးကိရိယာများပေးအပ်လှူဒါန်းခြင်း အခမ်းအနား

(GMT+08:00) 2018-06-20 11:03:22

၂၀၁၈-ခုနှစ်၊ဇွန်လ-၁၉-ရက်နေ့တွင် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဖောင်ဒေးရှင်း (CFPA) အဖွဲ့ အစည်းသည် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့် ပူးပေါင်း၍ (Myanmar Love Pagkage) အမည်ဖြင့် လွယ်အိတ် နှင့် ကျောင်းသုံးစာရေးကိရိယာများ ကို ရှမ်းပြည်နယ် အတွင်းရှိ ဆင်းရဲနွမ်းပါးသော မူလတန်းကျောင်းများမှ ကလေးများအတွက် "ပညာရေးကို ကောင်းမွန်စွာ သင်ကြားနိုင်ရေး" ရည်ရွယ်ချက်ဖြင့် ပေးအပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ဇနီး ဒေါ်နန်းရွှေမြင့် (ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက)၊တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဖောင်ဒေးရှင်း (CFPA) အဖွဲ့ မြန်မာနိုင်ငံရုံးခွဲ မှ Deputy Country Director Ms. Lin Yuan နှင့် ၀န်ထမ်းများ၊ တိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ် လူမှုရေး ၀န်ကြီး ဒေါက်တာ မျိုးထွန်း၊ ရှမ်းပြည်နယ်ပညာရေးမှုး ဦးဝင်းမောင်၊ ဒေါ်ညိုညိုလွင် (ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္က္ကဌ) နှင့် အခြားဌာန ဆိုင်ရာ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ကျောင်းများ မှ ဆရာ၊ဆရာမ များ နှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း လူဦးရေ (၁၅၀-ခန့်) တက်ရောက်ခဲ့ ကြပါသည်။

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ လင်းထွဋ် မှ အဖွင့် အမှာစကား ပြောကြားရာတွင် ယခုလိုထောက်ပံ့ပေးအပ်လှူဒါန်းမှုများအတွက်တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှု လျော့ချရေး ဖောင်ဒေးရှင်း (CFPA)အဖွဲ့ နှင့် အလှူရှင်(Alibaba) တို့အား  ကျေးဇူး အထူးတင်ရှိပါကြောင်း နှင့် ရှေ့ဆက် လုပ်ဆောင်မည့် ရှမ်းပြည်နယ် အတွင်း ပညာရေး ကဏ္ဍတိုးတက်မြင့်မားလာစေရန် လုပ်ဆောင်မှုများ အတွက် လည်းကြိုဆိုလျှက်ရှိပါကြောင်း ကို ပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍ တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဖောင်ဒေးရှင်း (CFPA) အဖွဲ့ မြန်မာရုံး မှ Deputy Country Director Ms. Lin Yuan မှလည်း မိမိတို့ အဖွဲ့သည် တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံ တကာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပညာရေး ကဏ္ဍနှင့်ပက်သက်၍ စီမံချက် များစွာ အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် အနက် မြန်မာနိုင်ငံပညာရေး ကဏ္ဍ နှင့် ပက်သက်၍ Paukphaw Scholarship စီမံချက် ၊ Computer Lab စီမံချက် နှင့် အတူ ယခုလက်ရှိရှမ်းပြည်နယ် တွင် လုပ်ဆောင်လျက်ရှိသော Myanmar Love Package အမည်ဖြင့် လွယ်အိတ် နှင့် ကျောင်သုံး စာရေး ကိရိယာပစ္စည်းများ ပေးအပ်အပ်လှူဒါန်းခြင်း စီမံချက်သည် လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ၎င်း စီမံချက်၏ အဓိက ရည်ရွယ်ချက်သည် "မူလတန်းကျောင်းသူ၊ကျောင်းသားများ အနေဖြင့် ၎င်း တို့၏ ကျောင်းသုံး ပစ္စည်းလို အပ်ချက်များတွင် စိုးရိမ်ကြောင့်ကြမှု မရှိဘဲ ပညာရေးကို အဆင်ပြေပြေဖြင့် လေ့လာသင်ယူနိုင်ခြင်းတို့ မှ တဆင့် ၎င်းတို့၏ ပညာရေး တိုးတက်လာစေရန်" ရည်ရွယ်ပါသည် ဟုပြောကြားခဲ့ပါသည်။

ထောက်ပံ့ပစ္စည်းများ လက်ခံရရှိသော မူလတန်းကျောင်းများ ကိုယ်စား အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း မှ မူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မျိုးဝေ မှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားရာတွင် ယခုလိုလှူဒါန်းမှုများ အတွက် အတိုင်းမသိ ၀မ်းသာပီတိဖြစ်ပြီး  ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ထောက်ပံ့ပစ္စည်းများသည် မိမိကျောင်းများရှိ ဆင်ရဲနွမ်းပါးသော ကလေးများ အတွက် အမှန်တကယ်ထိရောက်သော လှူဒါန်းမှု တစ်ခုဖြစ် ပါကြောင်းပြောကြားသွား ခဲ့ပါသည်။

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဖောင်ဒေးရှင်း (CFPA) အဖွဲ့ သည် (၂၀၁၅)ခုနှစ် မှ စတင်၍ မြန်မာ နိုင်ငံပြည်ထဲရေးဝန်ကြီးဌာန မှ ပထမဦးဆုံး မှတ်ပုံတင် ရရှိထားသော တရုတ် နိုင်ငံတကာ အဖွဲ့ အစည်း တစ်ခုဖြစ်ပါသည်။Myanmar Love Package Project သည်လည်း တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဖောင်ဒေးရှင်း (CFPA) အဖွဲ့ အစည်း အနေဖြင့် မြန်မာ နိုင်ငံ အတွက် ရှမ်းပြည်နယ်တွင် ကနဦး စတင် အကောင်အထည်ဖော်ဆောင်ရွက်သော စီမံချက်တစ်ခုလည်း  ဖြစ်ပါသည်။ရှေ့ဆက်၍ (၂၀၁၈) ခုနှစ်အတွင်းတွင် လည်း မြန်မာနိုင်ငံရှိ အခြားလိုအပ်လျက်ရှိသော  ဒေသများရှိ ကျောင်းသူ၊ကျောင်းသား များ အတွက် စုစုပေါင်းကျောင်းသုံးပစ္စည်း စုံ (၃၀၀၀၀) ပြည့်သည် အထိ ပေးအပ် လှူဒါန်းသွားမည်ဖြစ်ပါသည်။

 

   Webradio