• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဆင်းရဲမှုပပျောက်ရေးရန်ပုံငွေအဖွဲ့မှ Love Package မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ဝင်ရောက်

(GMT+08:00) 2018-06-20 11:08:42

ယမန်နေ့ ၁၉ ရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာမူလတန်းကျောင်းတွင် လွယ်အိတ်နှင့်ကျောင်းသုံးစာရေးကိရိယာများ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ မူလတန်းကျောင်းကလေးများသည် တရုတ်ဆင်းရဲမှုပပျောက်ရေးရန်ပုံငွေအဖွဲ့မှ Love Package ကို ရရှိခဲ့သည်။

ယခုအကြိမ် Love Package လုပ်ငန်းသည် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ ဆင်းရဲနွမ်းပါးသောဒေသများမှ မူလတန်းကျောင်း သားများအတွက် Love Package ၃ သောင်း ကို ပေးအပ်မည်ဖြစ်သည်။ ဒါ့အပြင်၊ တရုတ်ဆင်းရဲမှုပပျောက်ရေးရန်ပုံငွေအဖွဲ့သည် မြန်မာနိုင်ငံ၌ ပေါက်ဖေါ်ပညာသင် ထောက်ပံ့ကြေး၊ တရုတ်မြန်မာချစ်ကြည်ရေး စကော်လာ၊ကွန်ပျူတာစာသင်ခန်း လှူဒါန်းခြင်း စသည့် မြန်မာကျောင်းသားများအတွက် ကူညီထောက်ပံ့သော လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

   Webradio