• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွမ်တုံးပြည်နယ်ချောင်ရှန့်လေဆိပ်မှ မြန်မာနေပြည်တော်သို့ လေကြောင်းလိုင်းဖွင့်လှစ်

(GMT+08:00) 2018-06-20 11:44:15

တရုတ်တောင်ပိုင်းလေကြောင်းရှန့်ထိုကုမ္ပဏီမှ သတင်းအရ ချောင်ရှန့် ကျောက်စိမ်း ကုန်သည်များ မြန်မာနိုင်ငံသို့ ကျောက်စိမ်းဝယ်ယူရေး အဆင်ပြေစေရန် ယင်းကုမ္ပဏီသည် ကွမ်တုံးပြည်နယ် ကျယ်ယန်မြို့ ချောင်ရှန့်လေဆိပ်မှ မြန်မာနိုင်ငံနေပြည်တော်သို့ လေကြောင်းလိုင်း ဖွင့်လှစ်ခဲ့ကြောင်း၊ ချောင်ရှန့်ကျောက်စိမ်းကုန်သည် ၈၀၀ ခန့်တို့သည် လေကြောင်းခရီး ၅ ခုဖြင့် မြန်မာနိုင်ငံနေပြည်တော်သို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

၂၀၁၈ခုနှစ် ၅၆ ကြိမ်မြောက် မြန်မာနိုင်ငံကျောက်မျက်ရတနာပြပွဲကို ယခုလ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။ချောင်ရှန့်မှ နေပြည်တော်သို့ လေကြောင်းလိုင်းဖွင့်လှစ်ခြင်းသည် ချောင်ရှန့်ဒေသနှင့် မြန်မာနိုင်ငံအကြား စီးပွားကုန်သွယ်ရေးကူးလူးဖလှယ်မှုကို အားဖြည့် တိုးမြှင့်ခြင်းဖြစ် သည်ဟု သိရသည်။

   Webradio