• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်းယန်သည်၊ ကင်ညာနိုင်ငံတွင် တရားဝင်ခရီးလှည့်လည်

(GMT+08:00) 2018-06-20 11:51:43

       ကင်ညာနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မူတူရီ၏ ဖိတ်ကြားချက်အရ၊ တရုတ် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်  ပြည်လုံးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဝမ်းယန်သည်၊ ယခုလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကင်ညာနိုင်ငံတွင် တရားဝင်ခရီးလှည့်လည်ခဲ့ပြီး၊ ကင်ညာ သမ္မတ ကိန်ယာတာ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ လူဆာကာနှင့် အသီးသီးတွေ့ဆုံ နှုတ်ဆက် ခဲ့သည့်အပြင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မူတူရီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

  မူတူရီနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ၌၊ ဝမ်းယန်သည် တရုတ်ကွန်မြူနစ်ပါတီဦးဆောင် သော ပါတီများပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေးအတိုင်ပင်ခံစနစ်စသည့် အကြောင်း အရာများကို ရှင်းလင်းပြောကြားသည့်အပြင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီနှင့် ကင်ညာအမျိုးသားလွှတ်တော်တို့အနေနှင့်၊ ကိုယ့် အားသာချက်ကို ကိုယ်စီဖော်ထုတ်ပြီး၊ ၂ နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေးကို ကျားကန်ပေးနိုင်ရန် မျှော်လင့်ပါကြောင်းလည်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio