• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် သတင်းရေးရာ လုပ်ငန်း ဖွံ့ဖြိုးရေး အစီရင်ခံစာ ထုတ်ပြန်

(GMT+08:00) 2018-06-20 15:54:28

တရုတ် ပြည်လုံးဆိုင်ရာ သတင်းရေးရာ လုပ်ငန်း ဆောင်ရွက်သူများ အသင်း(တရုတ် သတင်းထောက်များအသင်း)သည် ယခုလ ၁၉ရက်နေ့က ၄င်း၏ ဝက်ဘ်ဆိုက်တွင် တရုတ် သတင်းရေးရာ လုပ်ငန်း ဖွံ့ဖြိုးရေး အစီရင်ခံစာ(၂၀၁၇ခုနှစ်)ကို ထုတ်ပြန်ခဲ့ကြောင်း၊ ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းအစီရင်ခံစာတွင် တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ် အစိုးရသည် သတင်းရေးရာ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အလွန် အလေးထားကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် သတင်းရေးရာ လုပ်ငန်းနှင့် ပတ်သက်၍ အရေးကြီး မိန့်ခွန်များကို အကြိမ်ပေါင်းများစွာ ပြောကြားပြီး တရုတ် သတင်းရေးရာ လုပ်ငန်း ပြုပြင်ပြောင်းလဲမှု၊ ဆန်းသစ်တီထွင်မှုနှင့် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစွာ ဦးဆောင်ပေးနေကြောင်း အလေးထား ဖော်ပြသည်။

ထို့အပြင်၊ ၄င်းအစီရင်စာတွင် မီဒီယာ ရောနှောပေါင်းစပ်ခြင်းသည် ၂၀၁၇ခုနှစ် တရုတ် မီဒီယာ ဖွံ့ဖြိုးရေး ရေစီးကြောင်း ဖြစ်မြဲ ဖြစ်နေသေးကြောင်း၊ သမရိုးကျ မီဒီယာများနှင့် တက်သစ်စ မီဒီယာများ၏ ရောနှောပေါင်းစပ်ခြင်းသည် အရှိန်မြင့်လာပြီး အချက်အလက်၊ ပလက်ဖောင်း၊ နည်းလမ်း၊ နည်းပညာနှင့် စီမံခန့်ခွဲရေး တပြေးညီ ဖြစ်စေရေးသည် ဖွံ့ဖြိုးတိုးတက်လာကြောင်း ရေးသားဖော်ပြသည်။

   Webradio