• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အထစ်အငေါ့သည် တရုတ် စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်း အလားအလာ ထိခိုက်စေမည် မဟုတ်ဟု ပညာရှင်များဆို

(GMT+08:00) 2018-06-20 15:54:59

တရုတ်ပြည်မှ အမေရိကန်သို့ တင်သွင်းသော အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ဖိုးရှိသော ကုန်ပစ္စည်းများ အပေါ် အခွန်တိုးကောက်ရန် စာရင်းဇယားကို အမေရိကန်မှ  ထုတ်ပြန်ပြီး အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀၀ဖိုးရှိသော တရုတ်ထုတ်ကုန်ပစ္စည်း အပေါ် အခွန် ထပ်တိုးကောက်ရန် စာရင်းဇယားကို ချမှတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်၍ တရုတ် စီးပွားရေး ပညာရှင် အချို့က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် လက်ရှိအချိန်၌ အမေရိကန်၏ လုပ်ရပ်များသည် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု အပေါ် ဂယက်ရိုက်ခတ်မှု သိပ်မရှိကြောင်း၊ ခြုံငုံကြည့်လျှင် တရုတ် စီးပွားရေး သည် ရှင်သန်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားမည်ဟု ယူဆကြ ကြောင်း ပြောကြားသည်။

 

   Webradio