• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပသမဂ္ဂသည် အမေရိကန်မှ သွင်းကုန် အစိတ်အပိုင်း အပေါ် အခွန် တိုးကောက်မည်

(GMT+08:00) 2018-06-21 09:27:26

ဥရောပသမဂ္ဂ ကော်မတီသည် ယခုလ ၂၀ ရက်နေ့က ကြေညာစာတမ်း ထုတ်ပြန်ပြီး၊ သံမဏိနှင့် ဒန်ထည် ကုန်ပစ္စည်းအပေါ် အမေရိကန်က အခွန် တိုးကောက်ခြင်းအပေါ် တုံ့ပြန်သည့် အနေနှင့် ဥရောပသမဂ္ဂသည် ယခုလ ၂၂ ရက်နေ့မှစ၍ ယူရိုငွေ သန်း ၂၈၀၀ တန်ဖိုးရှိ အမေရိကန်မှ သွင်းကုန် အပေါ် အခွန် တိုးကောက်မည်ဟု ဖေါ်ပြထားကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးက၊ ဇွန်လ ၁ ရက်နေ့ကစပြီး ဥရောပသမဂ္ဂ၊ ကနေဒါနှင့် မက္ကဆီကိုမှ သံမဏိနှင့် ဒန်ထည် ကုန်ပစ္စည်း အပေါ် ၂၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အခွန် အသီးသီး ကောက်ယူမည်ဟု ကြေညာခဲ့ကြောင်း သိရပါသည်။

   Webradio