• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုတိုဘာရေကန်တွင် သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၁၉၂ ဦး ပျောက်ဆုံး

(GMT+08:00) 2018-06-21 11:28:02

     အင်ဒိုနီးရှားနိုင်ငံမြောက်ဆူမာထရာပြည်နယ် တိုဘာရေကန်တွင် ယခုလ ၁၈ ရက်နေ့ က သင်္ဘောနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ယခုအချိန် အထိ လူ ၁၉၂  ဦး ပျောက်ဆုံးနေကြောင်း၊ ကယ်ဆယ် ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း အင်ဒိုနီးရှားဘေးအန္တရာယ် ကာကွယ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယခုလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

ဒေသစံတော်ချိန် ယခုလ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲက သင်္ဘောတစ်စင်းသည်၊ ဆိုက်ကပ်ဆိပ်ကမ်းနှင့်၁.၆ ကီလိုမီတာအကွာ ပင်လယ်ရပ်ဝန်း၌ ရုတ်တရက်နစ်မြုပ်ခဲ့ရာ၊ လူ ၁၈ ဦး အသက်ချမ်းသာာရရှိခဲ့ကြပြီး၊ လက်ရှိအချိန်အထိ၊ သေဆုံးသူအလောင်း ၃ လောင်းကို ဆယ်ယူရရှိခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio