• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဖွဲ့ဝင်သစ် စောလျင်စွာ ရွေးချယ်ပြီး အမေရိကန်၏နေရာတွင် အစားထိုးမည်ဟု ကုလ လူ့ အခွင့်အရေး ကောင်စီ ဥက္ကဋ္ဌ ဆို

(GMT+08:00) 2018-06-21 11:28:38

     ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ ဗိုအီဆလတ်ဗ် ဆူခ်က၊ လူ့အခွင့်အရေး ကောင်စီအနေနှင့် သက်ဆိုင်ရာ အစီအစဉ်အတိုင်း အဖွဲ့ဝင်သစ်ကို စောလျင်စွာ ရွေးချယ် ပြီး၊ လူ့အခွင့်အရေးကောင်စီမှ နှုတ်ထွက်ရန် ထုတ်ပြောသည့် အမေရိကန်၏ နေရာတွင် အစားထိုးမည်ဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့က ဂျီနီဗါ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ် ဟယ်လီက၊ ယခုလ ၁၉ ရက်နေ့က ဝါရှင်တန်၌ အမေရိကန်အနေနှင့်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်သွားမည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းကောင်စီသည်၊ အစ္စရေးအပေါ် တစ်ဖက်သတ်တစ်ယူသန်အမြင်ထားရှိကြောင်းနှင့်၊ လူ့အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်းမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio