• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် BRICS နိုင်ငံများ စက်မှုနှင့် ကုန်သွယ်မှုဖိုရမ်တွင် မိန့်ခွန်း ပြောကြား

(GMT+08:00) 2018-07-26 10:10:37

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၅ ရက်နေ့က တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စဘတ်မြို့၌ ကျင်းပသော BRICS နိုင်ငံများ စက်မှုနှင့် ကုန်သွယ်မှုဖိုရမ်သို့ တက်ရောက်ပြီး၊ ခေတ်ရေစီးကြောင်းနှင့် လိုက်လျော၍ အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖေါ်ဆောင်ခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ BRICS နိုင်ငံများသည် သမိုင်း ရေစီးကြောင်းနှင့် လိုက်လျောပြီး၊ ပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန် အကျိုးရှိစေရေး၊ ဆန်းသစ်တီထွင်ရေး၊ သက်ညှာ ထောက်ထားရေး၊ နိုင်ငံစုံဝါဒကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ အမျိုးအစားသစ် နိုင်ငံတကာ ဆက်ဆံမှု ထားရှိရေးနှင့် လူသား ကံကြမ္မာ အသိုက်အဝန်းကို ထူထောင်ရေး အတွက် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင်ပြီး တံခါးဖွင့် စီးပွါးရေးကို ထူထောင်ရန်၊ ဆန်းသစ်တီထွင်ရေးကို ဦးတည်ချက် အဖြစ် ထားပြီး ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းများကို မိမိရရ အသုံးပြုရန်၊ သက်ညှာ ထောက်ထားမှုကို စွဲကိုင်ပြီး နိုင်ငံအသီးသီးမှ ပြည်သူများအတွက် အကျိုးဆောင်ပေးရန်၊ နိုင်ငံစုံ ဝါဒကို စွဲကိုင်ပြီး နိုင်ငံတကာ စီမံခန့်ခွဲရေး ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်ရန် စသည့် အဆိုပြုချက်များကို တင်ပြထားကြောင်း သတင်းရရှိပါသည်။

   Webradio