• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ဖိတ်ကြားချက်အရ အီရန် နိုင်ငံခြားရေး ဝန်ကြီးနှင့် တယ်လီဖုန်း ဆက်သွယ်

(GMT+08:00) 2018-08-18 10:12:11

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖိတ်ကြားချက်အရ ယခုလ ၁၇ ရက်နေ့က အီရန် နိုင်ငံခြားရေး ဝန်ကြီး ဇာရစ်ဖှ်နှင့် တယ်လီဖုန်း ဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဝမ်ယိက၊ တရုတ်နိုင်ငံသည် အီရန်နှင့် ဆက်ဆံမှုကို အလေးထားကြောင်း၊ အီရန် နျူကလီးယား ပြဿနာဆိုင်ရာ ဘက်စုံ သဘောတူစာချုပ်သည် နိုင်ငံစုံ ဝါဒဆိုင်ရာ အရေးကြီး အောင်ကျိုးရလဒ် ဖြစ်ပြီး နိုင်ငံတကာ မိသားစုကြီး၏ တူညီသော အကျိုးစီးပွါးနှင့် ကိုက်ညီကြောင်း၊ နိုင်ငံတကာ ဆက်ဆံမှုတွင် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု ကျင့်သုံးခြင်းကို မိမိတို့ ကန့်ကွက်ကြောင်း ပြောကြားပါသည်။

ဇာရစ်ဖှ်သည် အီရန် နျူကလီးယား ပြဿနာဆိုင်ရာ နောက်ဆုံးပေါ် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါသည်။

   Webradio