• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှားလွန်ဘုတ်ကျွန်းအနီးပင်လယ်တွင်  ရစ်ချီတာစကေး၇အဆင့်ငလျင်လှုပ်ခတ်

(GMT+08:00) 2018-08-20 12:14:06

အင်ဒိုနီးရှားနိုင်ငံ လွန်ဘုတ်ကျွန်းအနီးတဝိုက်ပင်လယ်တွင် ယခုလ၁၉ရက်နေ့ ည၇ရာနီက ရစ်ချီတာစကေး၇.၀အဆင့်ငလျင်လှုပ်ခတ်ခဲ့ပြီး လက်ရှိအချိန်အထိ လူသေကြေ ဒဏ်ရာရရှိမှုနှင့် ဥစ္စာဓနဆုံးရှုံးမှုမသိရသေးကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်ပတ်ငလျင်ဇုန်တွင် တည်ရှိပြီး နှစ်စဉ်နှစ်တိုင်း ငလျှင်လှုပ်ခတ်မှု ထောင်နှင့်ချီကာ ဖြစ်ပွားတတ်ကြောင်း၊ ယခုလ ၅ရက်နေ့က လွန်ဘုတ်ကျွန်းအနီး လွန်မူကျွန်း၌ ရစ်ချီတာစကေး၇.၀အဆင့်ငလျင် လှုတ်ခတ် သောကြောင့် လူ ၄၃၆ဦးသေဆုံးခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio