• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှအားကစားပြိုင်ပွဲ မီတာ၂၀၀ အ​လွတ်​ကူး ရွှေတံဆိပ် စွင်းယန်ရရှိ

(GMT+08:00) 2018-08-20 12:30:05
သြဂုတ်လ ၁၉ရက်နေ့က ကျင်းပသော ၁၈ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအမျိုးသား မီတာ ၂၀၀ အလွတ်ကူးရေကူးပြိုင်ပွဲတွင် တရုတ်အားကစားလက်ရွေးစင် စွင်းယန်သည် ၁ မိနစ် ၄၅.၄၃ စက္ကန့်ဖြင့် ရွှေတံဆိပ်ရရှိခဲ့ကြောင်း၊ ယင်းသည် တရုတ်ကိုယ်စားလှယ်အဖွဲ့၏ ယခုအကြိမ် အာရှအား ကစားပြိုင်ပွဲ၌ စတုတ္ထ မြောက် ရွှေတံဆိပ်ဖြစ်ကြောင်း၊ ရွှေတံဆိပ်ရရှိခဲ့သော တရုတ် လက်ရွေးစင် စွင်းယန်သည် အာရှအားကစားပြိုင်ပွဲ၊ ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲနှင့် အိုလံပစ်အားကစားပြိုင်ပွဲ အမျိုးသား မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲ ၃ခုစလုံးတွင် ရွေတံဆိပ် ရရသူပင်ဖြစ်ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။
   Webradio