• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျင်းပတော့မည့်တရုတ်-အမေရိကန်စီးပွားကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲကို အမေရိကန် မီဒီယာအာရုံစိုက်

(GMT+08:00) 2018-08-20 14:12:52

တရုတ်-အမေရိကန်စီးပွားကုန်သွယ်ရေးပြဿနာဆိုင်ရာ ဒုဝန်ကြီးအဆင့်ညှိနှိုင်းဆွေး နွေးပွဲကို အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ ကျင်းပမည်ဖြစ်ကြောင်း၊ အမေရိကန်အဓိက မီဒီယာများသည် ယင်းညှိနှိုင်းဆွေးနွေးပွဲကို မြင့်မားစွာ အာရုံစူးစိုက်ပြီး အလွှာပေါင်းစုံတို့သည် အမေရိကန်-တရုတ်နှစ်ဖက် စီးပွားကုန်သွယ်ရေး တည်ငြိမ်နိုင်ရန် မျှော်လင့်ချက်ကို မီဒီယာအချို့က ဖေါ်ပြကြောင်း စီအာအိုင်သတင်းအရသိရသည်။

အမေရိကန်၏ဖိတ်ကြားချက်အရ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနဒုဝန်ကြီး၊ နိုင်ငံတကာကုန်သွယ်ရေးစေ့စပ်ဆွေးနွေးပွဲ ဒုကိုယ်စားလှယ် ဝမ်ရှုဝင်သည် ယခုလ တတိယဆယ်ရက်ပိုင်းတွင် အမေရိကန်သို့ ခရီးလှည့်လည်ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဒုဝန်ကြီးဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့ နှင့် တရုတ်-အမေရိကန်စီးပွားကုန်သွယ်ရေးပြဿနာနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမည် ဖြစ်သည်။

   Webradio