• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင်၌ သွေးလွန်တုပ်ကွေးရောဂါ ကူးစက် ခံရသူဦးရေ ၁၅ ဦးအထိ တိုးလာ

(GMT+08:00) 2018-08-20 14:49:56

        ယခုလ ၁၉ ရက်နေ့က ဟောင်ကောင်၌ သွေးလွန်တုပ်ကွေးရောဂါ ကူးစက် ခံရသူဦးရေသည် နောက်ထပ် ၄ ဦး တိုးပြီး လွန်ခဲ့သည့် ၅ ရက်အတွင်းတွင် ဟောင်ကောင်၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူဦးရေ ၁၅ ဦးအထိ တိုးများလာကြောင်း၊ ၄င်းတို့အနက် ၁၃ဦးသည် ရှီဇီရှန်ဥယျာဉ်ကို ရောက်ခဲ့ဖူးကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        မူလအရင်းခံ ကူးစက်ရာနေရာအဖြစ် သတ်မှတ်ထားသော ရှီဇီရှန်ဥယျာဉ်တွင် ယခုလ ၁၇ ရက်နေ့မှစ၍ ရက် ၃၀ ကြာ ခြင်များကို ရှင်းလင်းသုတ်သင်ရန် ဥယျာဉ်ကို ပိတ်ထားကြောင်း သတင်းအရ သိရပါသည်။

   Webradio