• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယူနန်-မြန်မာ ကားလမ်း နှစ် ၈၀ပြည့် အခါသမယကို အထိမ်းအမှတ်ပြု

(GMT+08:00) 2018-08-20 14:50:24

        "ယူနန်-မြန်မာ ကားလမ်း နှစ် ၈၀ပြည့် အထိမ်းအမှတ်ပြုပြီး ယူနန်-မြန်မာ ကားလမ်းကို ပြန်လည် လျှောက်လှမ်းခြင်း" လှုပ်ရှားမှုကို ယခုလ ၁၉ ရက်နေ့က ယူနန်ပြည်နယ် ပေါ်ဆန်မြို့၌ စတင်ပြုလုပ်ခဲ့ရာ ထိုနေ့တွင် ပထမတစ်သုတ်အဖြစ် ထွက်ခွာသွားသော ပြည်သူ ၆၀၀ ကျော်တို့သည် နုမြစ်အတိုင်း ဟွေ့ထွန်းတံတား ရုပ်ကြွင်းနှင့် စုန်ရှန်စစ်ပွဲ နေရပ်ရုပ်ကြွင်းနေရာတို့သို့ ရောက်ရှိပြီး ဂျပန်ခုခံရေးစစ်ပွဲ အာဇာနည်များကို လွမ်းဆွတ် ပူဇော်ကြမည်ဖြစ်ကြောင်း၊ လာမည့် တစ်လအတွင်းတွင် ယူနန်၊ ကွေ့ကျူး၊ စိချွမ်းနှင့် ကွမ်ရှီး စသည့်ပြည်နယ်များမှ ပြည်သူပြည်သား ၅၀၀၀ ကျော်တို့သည် ၇ သုတ်ခွဲပြီး ယူနန်-မြန်မာ ကားလမ်းကို ပြန်လည် လျှောက်လှမ်းကာ သမိုင်းကို ပြန်လည် လွမ်းဆွတ်တမ်းတမည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio