• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ဥ​ရု​ဂွေး​နိုင်​ငံခြားရေးဝန်ကြီး Nin Novoa နှင့်တွေ့ဆုံ

(GMT+08:00) 2018-08-20 14:51:35

တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၁၉ ရက်နေ့က ပီကင်းတွင် ရုဂွေးနိုင်ငံခြားရေးဝန်ကြီး နင်နိုဗို နှင့်တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက နိုင်ငံခြားရေးဝန်ကြီး နင်နိုဗိုသည် ယခုတရုတ်ခရီးစဉ်တွင် တရုတ်နိုင်ငံနှင့် Belt and Road အတူတည်ထောင်ရေးနှင့် ဝန်ဆောင်မှုကူးသန်းရောင်းဝယ်ရေးသဘောတူစသည့် ပူးပေါင်းဆောင်ရွက်ရေး သဘော တူစာချုပ်များကို ချုပ်ဆိုခဲ့ကြောင်း၊ ယင်းသည် ရုဂွေးနိုင်ငံက တရုတ်နှင့်ဆက်ဆံမှု တိုးတက်ရန် မဟာဗျူဟာအမျှော်အမြင်ပေါ်လွင်နေကြောင်း ပြောကြားခဲ့သည်။

နင်နိုဗိုက ရုဂွေးနိုင်ငံသည် တရုတ်နိုင်ငံနှင့်Belt and Road အတူတည်ထောင်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သော ပထမ ဆုံးတောင်အာဖရိကဘုံဈေးအဖွဲ့ဝင်နိုင်ငံ အနေနှင့် ယင်းကိုအခွင့်ကောင်းအဖြစ်ထားပြီး တောင်အာဖရိကဘုံဈေးအဖွဲ့ နှင့်တရုတ် ဆက်ဆံရေးကိုတစ်ဆင့်တိုးတွန်းအား ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio