• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သဘာဝ ပတ်ဝန်းကျင် ပြဿနာ ရင်ဆိုင်ရေး အတွက် ထိုင်း ဘက်ထရီသုံးကား တွန်းအားပေး

(GMT+08:00) 2018-08-20 15:05:21

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လူဦးရေ သန်း၂၀ခန့်နှင့် မော်တော်ယာဉ် ၅သန်းရှိကြောင်း၊ စီးပွားရေးနှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး ထိုင်းနိုင်ငံနှင့် ဘန်ကောက်မြို့၏ လူဦးရေနှင့် ယာဉ်သွားလာမှု ပမာဏ တစ်နေ့တခြား တိုးပွား လာကြောင်း၊ မကြာခင် နှစ်များက ဘန်ကောက်မြို့ အစိုးရသည် ရထားလမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန် အင်တိုက်အားတိုက် ဆောင်ရွက်ပြီး ကားလမ်း ကျယ်လာအောင် ပြန်လည်တည်ဆောက်ရေး အတွက် ငွေကြေးများစွာ ထုတ်ပေး ခဲ့သော်လည်း အိမ်သုံးကိုယ်ပိုင်ကားနှင့် မော်တော်ဆိုင်ကယ် ပမာဏ လျင်မြန်စွာ တိုးပွားလာသောကြောင့် ဘန်ကောက်မြို့သည် ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ရင်ဆိုင်နေရုံသာမကဘဲ လေထုညစ်ညမ်းမှု အပါအဝင် သဘာဝ ပတ်ဝန်းကျင် ပြဿနာများကိုလည်း ရင်ဆိုင်နေရကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုလ ၁၆ရက်နေ့က တရုတ် ဘက်ထရီသုံးကား ထုတ်လုပ်မှု ကုမ္ပဏီ ဖြစ်သည့် BYD ကုမ္ပဏီသည် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ ကုန်းတွင်း သယ်ယူပို့ဆောင်ရေးရုံးထံသို့ BYD e 6 ဘက်ထရီသုံးကား ၁၀၁စီးကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ၄င်းဘက်ထရီသုံးကားများကို ဘန်ကောက်မြို့တွင် VIPတက္ကစီနှင့် အွန်လိုင်းကြိုချိန်းကား အဖြစ် အသုံးပြုမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ကုန်းတွင်း သယ်ယူပို့ဆောင်ရေးရုံး ဥက္ကဋ္ဌ စိန့်ပရွန်ဝုန်က လွှဲပြောင်းပေးအပ်ရေး အခမ်းအနားတွင် ယနေ့ ကျင်းပသည့် အခမ်းအနားသည် မိမိတို့ အနေနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရန် ကတိပြုချက်ကို လိုက်နာဆောင်ရွက်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ ဘက်ထရီသုံးကား လမ်းပန်းဆက်သွယ်ရေးသို့ တက်လှမ်းရန် အရေးကြီးသည့် ခြေလှမ်း တစ်လှမ်း ဖြစ်ကြောင်းလည်း ပြောကြားသည်။ ထိုင်းနိုင်ငံသည် BYD ကုမ္ပဏီနှင့် BYD e 6 ဘက်ထရီသုံးကား အစီး ၁ထောင်  နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကိုလည်း ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင်၊ ထိုင်း အစိုးရသည် အစိုးရ လုပ်ငန်းဌာနသုံးကားများတွင် ရာခိုင်နှုန်း ၂၀သည် ဘက်ထရီသုံးကား(သို့) ဓါတ်အားနှင့် လောင်စာအား ၂မျိုးသုံးစွဲသည့်ကား ဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်းလည်း သိရသည်။

 

   Webradio