• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်မှာ နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု တိုးလာတဲ့ အကြောင်းရင်းတွေ

(GMT+08:00) 2018-08-20 16:27:14

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ မကြာခင်က ထုတ်ပြန်တဲ့ စာရင်းအရ၊ ဒီနှစ် ပထမ ၇ လအတွင်း တရုတ်နိုင်ငံမှာ အသစ် ဖွင့်လှစ်တဲ့ နိုင်ငံခြား ငွေရင်းမြှုပ်နှံမှုနဲ့ လုပ်ကိုင်တဲ့ လုပ်ငန်းကုမ္ပဏီ ၃၅၂၃၉ ခု ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၉၉့ ၁ ရာခိုင်နှုန်း တိုးလာပါတယ်။ နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု ယွမ် ၄၉၆့ ၇၁ ဘီလီယံကို အသုံးပြုပြီး ပြီးခဲ့တဲ့နှစ် အလားတူအချိန်ပိုင်းကထက် ၂့ ၃ ရာခိုင်နှုန်း တိုးလာပါတယ်။ ဒီထဲမှာ ဇူလိုင်လ တစ်လအတွင်း တစ်ပြည်လုံးမှာ အသစ် ဖွင့်လှစ်တဲ့ နိုင်ငံခြား ငွေရင်းမြှုပ်နှံမှုနဲ့ လုပ်ကိုင်တဲ့ လုပ်ငန်းကုမ္ပဏီ ၅၆၄၈ ခု ရှိပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လကထက် ၁၁၃့ ၁ ရာခိုင်နှုန်း တိုးလာခဲ့တယ်။ နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု ယွမ် ၅၀့ ၄၂ ဘီလီယံကို အသုံးပြုပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လကထက် ၁၄့ ၉ ရာခိုင်နှုန်း တိုးလာပါတယ်။

တရုတ်ပြည်မှာ နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု ပမာဏ မြန်မြန် မှန်မှန် တိုးတက် လာနေတဲ့ တစ်ချိန်တည်းမှာ နိုင်ငံခြား ငွေရင်းများ ဆွဲဆောင်မှု အရည်အသွေးလဲ မှန်မှန် တိုးမြင့် လာနေပါတယ်။ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ စာရင်းအရ၊ ဒီနှစ် ပထမ ၇ လအတွင်း၊ တရုတ်ပြည် အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှု နယ်ပယ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၇့ ၅ ရာခိုင်နှုန်း တိုးတက်လာပြီး စုစုပေါင်း ပမာဏရဲ့ ၂၁့ ၅ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒါတွေဟာ တရုတ်ပြည် စီးပွါးရေး အရည်သွေး မြင့်မားစွာ တိုးတက်ရေးကို ထိရောက်စွာ တွန်းအားပေးနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်က ကုန်သွယ်ရေး စစ်ပွဲကို လှုံ့ဆော် ပြုလုပ်နေပြီး နိုင်ငံတကာ စီးပွါးရေး အခြေအနေ ရှုပ်ထွေးပွေလီ ဖြစ်နေတဲ့ ခုလို အချိန်အခါမှာ တရုတ်နိုင်ငံမှာ နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု တိုးမြဲ တိုးနေပါတယ်။ အကြောင်းရင်း ကတော့ အမျိုးမျိုး ရှိပါတယ်။ တရုတ်နိုင်ငံမှာ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် ဆက်တိုက် တိုးတက် ပြည့်စုံ ကောင်းမွန် လာနေပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်မှုများလည်း တဖြည်းဖြည်း လျှော့ချ နေပါတယ်။ ကမ္ဘာ့ စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့မှ ထုတ်ပြန်တဲ့ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ရေးဆိုင်ရာ အညွှန်းကိန်း အရ၊ ၂၀၁၅ ခုနှစ်ကစပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ရေး စာရင်း နေရာဟာ ၄ ကြိမ် ဆက်တိုက် ကျဆင်းလာပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် အဆက်မပြတ် တိုးတက် ကောင်းမွန်နေတယ်လို့ ပြဆိုနေတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ကွင်းဆက် ဆိုင်ရာ အားသာချက်များ၊ အတိုင်းအတာ ရှိတဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားဆိုင်ရာ အားသာချက်နဲ့ ဈေးကွက်ဆိုင်ရာ အားသာချက်တွေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများရဲ့ ကုန်ထုတ်လုပ်မှု အတွက် ပြီးပြည်စုံတဲ့ အထောက်အကူကို ပြုနိုင်ပါတယ်။ ဒီ့ထက်မက၊ တရုတ်နိုင်ငံဟာ တိုးချဲ့ တံခါးဖွင့်ရေး လုပ်ငန်းကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား ဆောင်ရွက်နေပါတယ်။ အဲဒါဟာ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး ဦးမော့ လာနေတဲ့ ယနေ့မှာ အထူး တန်ဖိုး ရှိတယ်လို့ ဆိုနိုင်ပါတယ်။

တရုတ်ပြည်မှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဆက်တိုက် တိုးများလာနေခြင်းဟာ နိုင်ငံတကာ ငွေရင်းများနဲ့ လုပ်ငန်းကုမ္ပဏီကြီးများက တရုတ်ပြည်ရဲ့ အနာဂတ်ရေး အပေါ် ယုံကြည်စိတ် အပြည့်အဝ ရှိလာတယ် ဆိုတာကို ပြသနေပါတယ်။

ဒီနှစ်ဟာ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ ၄၀ ပြည့်မြောက်နှစ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒါဗို့စ် ကမ္ဘာ့စီးပွါးရေး ဖိုရမ်မှာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ဖြစ်တဲ့ ၅ နှစ်တာ ကာလ အတွင်း တရုတ်နိုင်ငံဟာ နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀ ကို ဆွဲဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒါဟာ နိုင်ငံ အသီးသီးတို့ အဖို့ စီးပွါးရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်ကောင်းပဲ ဖြစ်မှာ မုချဧကန်ပဲ။

   Webradio