• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခေတ်သစ်တွင် တပ်မတော်အတွင်း ပါတီ ဦးဆောင်မှုကို အားဖြည့် ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-08-20 17:33:27

 

တရုတ် ဗဟိုစစ်ရေးကော်မရှင် အစည်းအဝေး တစ်ရပ်ကို ယခုလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်း ပြောကြား ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ခေတ်သစ်တွင် တပ်မတော်အတွင်း ပါတီ ဦးဆောင်မှုကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တပ်မတော် အနေနှင့် ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်နှင့် ၁၉ ကြိမ်မြောက် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံ ရည်မှန်းချက် အကြောင်းအရာများကို ဘက်စုံ အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

   Webradio