• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား ကာကွယ်ရေး ဝန်ကြီးကို ရှီကျင့်ဖိန် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2018-10-20 15:43:33

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၉ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် အလည်အပတ် ရောက်ရှိလာသော ရုရှား နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီး ရှိုအီဂူကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က တရုတ်-ရုရှား ဆက်ဆံမှုသည် ဆက်လက် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ နှစ်နိုင်ငံ အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုလည်း အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေကြောင်း ပြောကြားသည်။

ရှိုအီဂူက ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်တို့၏ မဟာဗျူဟာ ဦးဆောင်မှုသည် ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းစေရေး အတွက် အရေးကြီး အခြေခံ အုတ်မြစ် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio