• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ"ပင်လယ်ပြင်ပူးတွဲစစ်ရေးလေ့ကျင့်ပွဲ-၂၀၁၈"ကျင်းပမည်

(GMT+08:00) 2018-10-22 15:28:16

တရုတ်-အာဆီယံ"ပင်လယ်ပြင်ပူးတွဲလေ့ကျင့်ပွဲ-၂၀၁၈"ကို ယခုလ၂၂ရက်နေ့မှ ၂၈ရက်နေ့အထိ တရုတ်ပြည်ကျန့်ကန်းတွင် ကျင်းပမည်။ တရုတ်ပြည်အပြင် စင်ကာပူ၊ ဘရူနိုင်း၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်းနိုင်ငံများပါဝင်ကြမည်ဖြစ်ကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

ယခုအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်ပွဲတွင် "သင်္ဘောများ ပင်လယ်ပေါ်တွင် မမျှော်လင့်ဘဲ တွေ့ဆုံစဉ်လိုက်နာဆောင်ရွက်သည့်စည်းမျဉ်းဥပဒေ"ကို အသုံးပြုခြင်း၊ ပူးတွဲရှာဖွေကယ်ဆယ်ရေးနှင့် ဘေးဒဏ်ပူးတွဲကယ်ဆယ်ရေးစသည်များပါဝင်ပြီး တရုတ်ပြည်၏ ကန့်ကျန်းနှင့် အရှေ့ ပင်လယ်နှင့် ကောင်းကင်တွင် သက်ဆိုင်ရာကူးလူးဖလှယ်မှုနှင့် လေ့ကျင့်ပွဲကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio