• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင်၊ကျူဟိုင်၊မကာအိုတံတားကြီးဖွင့်ပွဲအခမ်းအနား ကျင်းပ

(GMT+08:00) 2018-10-23 14:22:46

     ဟောင်ကောင်၊ကျူဟိုင်၊မကာအိုတံတားကြီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ ၂၃ရက်နေ့ နံနက်ပိုင်းက ကွမ်တုံးပြည်နယ် ကျူဟိုင်မြို့၌  ကျင်းပခဲ့သည်။ ရှီကျင့်ဖိန်သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တံတားကြီးကို တရားဝင်ဖွင့်လှစ် သွားလာခွင့်ပြုကြောင်း ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ဟောင်ကောင်၊ကျူဟိုင်၊မကာအိုတံတားကြီးသည် လင်တင်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး အရှေ့ဘက်တွင် ဟောင်ကောင်နှင့် ဆက်စပ်ကာ အနောက်ဘက်တွင် ကွမ်တုန်းပြည်နယ် ကျူဟိုင်မြို့နှင့် မကာအိုတို့ကို ဆက်သွယ်ထားပြီး စုစုပေါင်းအရှည်မှာ ၅၅ ကီလိုမီတာ ရှိကြောင်း၊ ယင်းသည် ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ၃ နေရာတို့ ပူးပေါင်းဆောင်ရွက်ကြသော ပထမဆုံးအကြိမ်အဖြစ် အကြီးစား ပင်လယ်သမုဒ္ဒရာဖြတ်ကျော် တံတားကြီးဖြစ်ကြောင်း သိရသည်။

 

   Webradio