• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ရီယုံဟို တွေ့ဆုံ

(GMT+08:00) 2018-12-08 09:22:28

        ယခုလ ၇ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ အလည်အပတ်ရောက်ရှိလာသော မြောက်ကိုးရီးယား အလုပ်သမားပါတီ ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ရီယုံဟိုနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ရီယုံဟိုမှတစ်ဆင့် မြောက်ကိုးရီးယား ထိပ်သီးခေါင်းဆောင် ကင်ဂျုံအန်အား  နှုတ်ခွန်းဆက်သပြီး ၂၀၁၉ခုနှစ်သည် တရုတ်-မြောက်ကိုးရီးယား သံတမန်အဆက်အသွယ် ထားရှိခဲ့သည့် နှစ် ၇၀ ပြည့်မြောက်နှစ်ဖြစ်၍ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရသည် တရုတ်-မြောက်ကိုးရီးယားဆက်ဆံမှုကို အလွန်အလေးထားကြောင်း၊ ၂၀၁၉ခုနှစ်အတွင်း သက်ဆိုင်ရာ အထိမ်းအမှတ် လှုပ်ရှားမှုများကို ကျင်းပခြင်းဖြင့် နှစ်ဦးနှစ်ဖက်တို့သည် နှစ်ဖက်ဆက်ဆံမှု ရေရှည် ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တွန်းအားပေးကြရမည်ဖြစ်ကြောင်း အလေးထားပြောကြားသည်။

   Webradio