• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့်နှစ် ၄၀ အတွင်း တရုတ် ကျေးလက်နေသူ သန်း ၇၀၀ ကျော် ဆင်းရဲမှု ပပျောက်

(GMT+08:00) 2018-12-14 09:28:22

တရုတ် နိုင်ငံတော်ကောင်စီ ဆင်းရဲမှု ပပျောက်ရေးရုံး ဥက္ကဋ္ဌ လျူယုံဖူက၊ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် နှစ် ၄၀ အတွင်း ကျေးလက်နေသူ သန်း ၇၀၀ ကျော် ဆင်းရဲမှု ပပျောက်နိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ လက်ရှိစံနှုန်းအရ ကျေးလက်နေသူ အားလုံး ဆင်းရဲမှု ပပျောက်နိုင်မည်ဟု ခန့်မှန်းရကြောင်း ယခုလ ၁၃ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်ပြည် ကျေးလက်ဒေသများ၌ ဆင်းရဲမှုနှုန်းမှာ အရင်တုန်းက ၉၇့ ၅ ရာခိုင်နှုန်း ရှိရာကနေ ဆက်တိုက် ကျဆင်းလာကာ ယခုနှစ်တွင် ၂ ရာခိုင်နှုန်းအောက်အထိ ကျဆင်းနိုင်မည်ဟု ခန့်မှန်းရကြောင်း သတင်းရရှိပါသည်။

လျူယုံဖူက၊ ၂၀၁၃ ခုနှစ်မှ ယခုအချိန်အထိ တရုတ်နိုင်ငံတွင် နှစ်စဉ် ပျမ်းမျှ လူဦးရေ ၁၀ သန်းခန့် ဆင်းရဲမှု ပပျောက်နေခဲ့ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ပြည်၏ ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်း၏ အဓိကနေရာများမှာ သဘာဝ အခြေအနေ ဆိုးရွားပြီး စီးပွါးရေး အခြေခံ အားနည်းသော အလွန်အကျွံဆင်းရဲသောဒေသများ ဖြစ်ကြောင်း၊ ယင်းတို့အနက် တစ်ပြည်လုံးရှိ အလွန်အကျွံဆင်းရဲသော ခရိုင် ၃၃၄ ခု ပါဝင်ကြောင်း၊ မျက်မှောက်၌ တရုတ် နိုင်ငံတွင် ဆင်းရဲသူ ဦးရေ သန်း ၃၀ ခန့် ရှိနေသေးကြောင်း၊ တရုတ်နိုင်ငံသည် ဆင်းရဲမှု ဖြစ်စေသော အကြောင်းရင်း မတူသော ဆင်းရဲသူများကို ရည်စူးပြီး မတူခြားနားသော ကူညီထောက်ပံ့ရေး နည်းလမ်းများကို ကျင့်သုံးမည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ လက်ရှိစံနှုန်းအရ ဆင်းရဲသူများ၏ ဝင်ငွေမှာ ယွမ် ၄၀၀၀ ကျော် ရှိလာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ရှင်းလင်း ပြောကြားခဲ့ပါသည်။ (ကျော့)

   Webradio