• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၉ ခုနှစ် တရုတ်ပြည် စီးပွါးရေးဆိုင်ရာ သော့ချက်ကျ ဝေါဟာရ သုံး ခု

(GMT+08:00) 2018-12-14 16:39:36

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဟာ ဒီလ ၁၃ ရက်နေ့က အစည်းအဝေး ကျင်းပပြီး ၂၀၁၉ ခုနှစ် တရုတ်ပြည် စီးပွါးရေးကို လေ့လာ စီမံပါတယ်။ ၂၀၁၉ ခုနှစ် တရုတ်ပြည် စီးပွါးရေးနဲ့ ပတ်သက်ပြီး ဝေါဟာရ သုံးခုဟာ သော့ချက် ကျတယ်လို့ ဆိုနိုင်ပါတယ်။

ပထမ ဝေါဟာရ ကတော့ "တည်ငြိမ်မှုထဲက တိုးတက်မှု ရှာကြံခြင်း" ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ် ၇၀ ပြည့် ဖြစ်တဲ့အပြင်၊ တရုတ်ကွန်မြူနစ်ပါတီ တင်ပြတဲ့ အသင့်အတင့် ချမ်းသာတဲ့ လူ့ဘောင်အဖွဲ့အစည်း ဘက်စုံ ဖွဲ့စည်းတည်ထောင်ရေးဆိုင်ရာ ပထမဆုံး "နှစ်တစ်ရာ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်"ရဲ့ သော့ချက်ကျရာ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် "တည်ငြိမ်မှုထဲက တိုးတက်မှု ရှာကြံခြင်း" ဆိုတဲ့ လုပ်ငန်း ဆောင်ရွက်ရေး အခြေခံ ဦးတည်ချက်မူဟာ အရေးကြီး အဓိပ္ပါယ် ပါရှိပါတယ်။

နိုင်ငံတကာ ကုန်သွယ်ရေး အငြင်းပွါးမှု ပြင်းထန်လာနေပြီး ကမ္ဘာ့ စီးပွါးရေးမှာ မတည်ငြိမ် ဖွယ်ရာများ တိုးများလာနေတဲ့ ခုလို အချိန်အခါမှာ တည်ငြိမ်ရေး ဆိုတဲ့ စကားလုံးဟာ တရုတ်ပြည် အဖို့ အထူး အရေးကြီးပါတယ်။ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေတဲ့ တရုတ်ပြည်ဟာ ကမ္ဘာ့စီးပွါးရေး တိုးတက်ရေးဆိုင်ရာ အင်ဂျင်စက် ဖြစ်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ ဝေါဟာရ ကတော့ "အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုး တိုးတက်ရေး" ဖြစ်ပါတယ်။ ဒီအကြိမ် အစည်းအဝေးမှာ၊ ဒီနှစ်အတွင်း တရုတ်နိုင်ငံဟာ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုး တိုးတက်ရေးကို အကောင်အထည် ဖေါ်ဆောင်သွားမှာ ဖြစ်ပြီး ပြည်သူပြည်သားများဟာ ပိုမိုများပြားတဲ့ အကျိုးစီးပွါးကို ခံစားနိုင်မှာ ဖြစ်ကြောင်း၊ လာမယ့်နှစ်မှာ တရုတ်နိုင်ငံဟာ စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကို အဓိက အကြောင်းအဖြစ် ဆက်လက် စွဲစွဲမြဲမြဲ ဆောင်ရွက်မှာ ဖြစ်ပြီး ဈေးကွက် ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေးကို စွဲကိုင်သွားမှာ ဖြစ်ကာ ခေတ်မီ စီးပွါးရေး စည်းစနစ်ကို ပိုမို လျင်မြန်စွာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

တတိယ ဝေါဟာရ ကတော့ "ကိုယ့်အကြောင်းကိစ္စကို ဦးလည်မသုန် ကောင်းအောင် ဆောင်ရွက်ခြင်း" ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ဒုတိယ အကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်၊ ဒုတိယအကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ စတာတွေကို ကျင်းပမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေး အကြောင်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ အစဉ်တစိုက် ကိုယ့်နိုင်ငံရဲ့ လက်တွေ့ အခြေအနေအရ လုပ်ငန်းများ စီစဉ် ဆောင်ရွက်နေတာ ဖြစ်ပြီး၊ ပြင်ပ ပတ်ဝန်းကျင် ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ ဒီအချက်တော့ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီအကြိမ် အစည်းအဝေးမှာ ဖေါ်ပြထားသလိုပဲ၊ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးရေးဆိုင်ရာ အရေးကြီး မဟာဗျူဟာ အခွင့်အလမ်းများကို အသုံးပြုပြီး ယုံကြည်စိတ်ရှိရှိနဲ့ ကိုယ့်အကြောင်းကိစ္စကို ဦးလည်မသုန် ကောင်းအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ (ကျော့)

   Webradio