• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ဗီယက်နမ်ဒုဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီး Pham Binh Minhနှင့်တွေ့ဆုံ

(GMT+08:00) 2018-12-17 14:45:28

ယခုလ ၁၆ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် လာအိုနိုင်ငံလွမ်ပရာဘန်ပြည်နယ်တွင်ကျင်းပသော လန်ဆန်-မဲခေါင်မြစ်ပူးပေါင်းဆောင် ရွက်မှု စတုတ္ထအကြိမ်မြောက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်နေ သော ဗီယက်နမ်ဒုဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီး Pham Binh Minhနှင့်တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရတွင် ဝမ်ယိက နှစ်နိုင်ငံခေါင်းဆောင်တို့၏တိုက်ရိုက်ဦးဆောင်မှုအောက် တွင် တရုတ်-ဗီယက်နမ်ဆက်ဆံရေးသည် ကောင်းမွန်သောတိုးတက်မှုအလားအလာရှိ ကြောင်း၊ နှစ်နိုင်ငံ၏ဘုံအကျိုးစီးပွါးသည် သဘောကွဲလွဲမှုထက်လွန်စွာများပြားပြီး နှစ်ဘက် တို့သည် မဟာဗျူဟာအပြန်အလှန်ယုံကြည်မှု အဆက်မပြတ်တိုးပွါးစေခြင်းနှင့် မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေခြင်းသည် နှစ်ပါတီ၊နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ ပြည်သူပြည်သားများ၏ အရင်းခံအကျိုးစီးပွါးများနှင့်ကိုက်ညီကြောင်း ပြောကြားခဲ့သည်။

Pham Binh Minhက ၂၀၁၈ ခုနှစ်တွင် ဗီယက်နမ်-တရုတ်ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုသည်ကောင်းမွန်သောအောင်မြင်မှုရလဒ်များစွာရရှိခဲ့ ကြောင်းပြောကြားခဲ့သည်။

   Webradio