• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ် ဟိုနမ်စုန်နှင့်တွေ့ဆုံ

(GMT+08:00) 2018-12-17 14:46:32

ယခုလ ၁၆ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် လာအိုနိုင်ငံလွမ်ပရာဘန်ပြည်နယ်တွင်ကျင်းပသော လန်ဆန်-မဲခေါင်မြစ်ပူးပေါင်းဆောင် ရွက်မှု စတုတ္ထအကြိမ်မြောက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်နေ သော ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်ဟိုနမ်ဟုန်နှင့်တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်-ကမ္ဘာဒီးယားသံတမန်ဆက်ဆံရေးထားရှိခဲ့ သော နှစ် ၆၀ အတွင်း နှစ်နိုင်ငံသည် အမြဲတမ်းအပြန်အလှန်နားလည်၊ အပြန်အလှန် ယုံကြည့်၊ အပြန်အလှန်ထောက်ခံပြီး နှစ်ဖက်ဆက်ဆံရေးလည်း အဆက် မပြတ်တိုးတက် နေကြောင်း၊တရုတ်နိုင်ငံသည် ကမ္ဘာဒီးယားနှင့်လက်တွဲပြီး မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက် မှု နှင့်ပူးပေါင်းဆောင်ရွက်မှုများပိုမိုရင်းနှီးအောင်ပြုလုပ်ကာ တရုတ်-ကမ္ဘောဒီးယား မဟာ ဗျူဟာမြောက်ကံကြမ္မာအသိုက်အဝန်းတည်ထောင်ရန် ကြိုးပမ်းကြလို ကြောင်းပြောကြား ခဲ့သည်။

ဟိုနမ်ဟုန်က ယခုနှစ်သည် တရုတ်-ကမ္ဘောဒီးယားသံတမန်ဆက်ဆံရေးထားရှိခဲ့သော နှစ် ၆၀ ပြည့်နှစ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ၏လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုတွင်အောင်မြင်မှု များစွာရရှိခဲ့ကြောင်း၊ ကမ္ဘောဒီးယားအား တရုတ်နိုင်ငံမှ ကူညီထောက်ပံ့မှုများစွာပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

   Webradio