• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် နှင့် တွေ့ဆုံ

(GMT+08:00) 2018-12-17 16:32:41

      ဒေသစံတော်ချိန် ယခုလ ၁၆ ရက်နေ့က ၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် လာအိုနိုင်ငံ Luang Prabang ပြည်နယ်၌ လန်ဆန်-မဲခေါင်မြစ် ပူးပေါင်း ဆောင်ရွက်မှုစတုတ္ထအကြိမ်မြောက်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက် နေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ဝမ်ယိက တရုတ်၊ မြန်မာနှစ်နိုင်ငံတို့သည် ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးရှိကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်တို့၏ မဟာဗျူဟာမြောက် ဦးးဆောင်မှုဖြင့်၊ တရုတ်-မြန်မာအစဉ်အလာချစ်ကြည်ရေးသည် အဆက် မပြတ်ဆက်ခံ ဖြစ်ထွန်းကြောင်း၊ တရုတ်ပြည်အနေနှင့်၊ မြန်မာပြည်၏ အားကိုအားထားနိုင်သော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်လက်ဖြစ်ပြီး၊ Belt and Road အတူတည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ကာ၊ တရုတ်-မြန်မာဘက်စုံမဟာ ဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး၏ အတွင်းနှစ်သာရကို အဆက်မပြတ်တိးပွားစေလိုကြောင်း ပြောကြားခဲ့သည်။

ဦးကျော်တင်ကလည်း မြန်မာအနေနှင့်၊ မြန်မာ-တရုတ်ဘက်စုံမဟာဗျူဟာပူးပေါင်း ဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုဖွံ့ဖြိုးရေးအပေါ် ကျေနပ်မိကြောင်း၊ နှစ်နိုင်ငံဆက်ဆံမှု သည် အကောင်းဆုံးအချိန်ကာလတွင် တည်ရှိနေကြောင်း ပြောကြားခဲ့သည်ဟု သတင်း အရသိရသည်။

   Webradio