• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်က တရုတ်-အာဆီယံ မီဒီယာ ကူးလူးဖလှယ်ရေးနှစ် ဖွင့်ပွဲ အခမ်းအနားသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00) 2019-02-20 20:43:19

၂၀၁၉ ခုနှစ် တရုတ်-အာဆီယံ မီဒီယာ ကူးလူးဖလှယ်ရေးနှစ် ဖွင့်ပွဲအခမ်းအနားကို ပီကင်း၌ ကျင်းပနေပါသည်။ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖွင့်ပွဲ အခမ်းအနားသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နှင့် အာဆီယံ နိုင်ငံများသည် တောတောင်ရေမြေ ဆက်စပ်ပြီး ယဉ်ကျေးမှု ဆက်နွှယ် နီးကပ်ကာ၊ ချစ်ကြည်ရေး ကူးလူးဆက်ဆံမှု သမိုင်း သက်တမ်း ကြာမြင့်ပါကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း နှစ်ဖက်တို့သည် မဟာဗျူဟာ ကူးလူး ဖလှယ်မှုကို တွန်းအားပေးပြီး Belt and Road ကို လက်တွဲ တည်ထောင်ကာ၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်ခဲ့ကြောင်း၊ သဘော ကွဲလွဲမှုများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းပြီး ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်း ကာကွယ်ကြောင်း၊ တရုတ်-အာဆီယံ ဆက်ဆံမှုသည် ကဏ္ဍစုံ တိုးတက်ရေး အဆင့်ကာလသစ်သို့ ဝင်ရောက်ပြီ ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်-အာဆီယံ မီဒီယာ ကူးလူးဖလှယ်ရေးနှစ် ပြုလုပ်ခြင်းသည် နှစ်ဖက် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းစေရေးဆိုင်ရာ အရေးကြီး ဆောင်ရွက်မှု ဖြစ်ကြောင်း၊ မီဒီယာများသည် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေးနှင့် ပြည်သူ့ဆန္ဒ ဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာ ပေါင်းကူးတံတား အဖြစ်ဖြင့်၊ တရုတ်-အာဆီယံ ဆက်ဆံမှု တိုးတက်ရေး အတွက် ပိုမို အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နှစ်ဖက် မီဒီယာများ အနေနှင့် နှစ်ဖက် ကူးလူးဆက်ဆံရေး သတင်းထုတ်လွှင့်သူ၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသူနှင့် သင့်မြတ်စွာ ယှဉ်တွဲနေထိုင်ရေးကို စောင့်ထိန်းသူ အဖြစ် ထမ်းဆောင်နိုင်ရန်၊ ငြိမ်းချမ်းမှုကို လက်တွဲ တွန်းအားပေးရေးနှင့် ဖွံ့ဖြိုးမှုကို လက်တွဲ စီမံရေးဆိုင်ရာ အကြောင်းများကို ကောင်းမွန်စွာ ဖေါ်ပြနိုင်ရန် မျှော်လင့်ကြောင်း၊ ပိုမို ရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း လက်တွဲ တည်ထောင်ရန် အတွက် ပိုမို အကျိုးပြု စွမ်းဆောင်ရန် မျှော်လင့်ကြောင်း ဖေါ်ပြထားပါသည်။

   Webradio