• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ်တွင် တရုတ်နိုင်ငံသည် ဆင်းရဲသူဦးရေ ၁၀ သန်းကျော် လျော့နည်းလာအောင် ဆက်လက် ဆောင်ရွက်မည်

(GMT+08:00) 2019-02-21 09:19:16

မကြာမီက ကျင်းပခဲ့သည့် တရုတ်နိုင်ငံတော်ကောင်စီ အစည်းအဝေးတွင်၊ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဆင်းရဲသူဦးရေ ၁၀ သန်းကျော် လျော့နည်းလာအောင်နှင့် ဆင်းရဲသော ခရိုင် ၃၀၀ ခန့် ဆင်းရဲမှု ပပျောက်စေရန် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သတ်မှတ်ထားပါသည်။

ယင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံတော်ကောင်စီ ဆင်းရဲမှု လျှော့ချရေး ဦးဆောင်အဖွဲ့ရုံး ဒုဥက္ကဋ္ဌ အိုချင်ဖိန်က၊ ယခုနှစ်တွင် အလွန်အကျွံ ဆင်းရဲသော ဒေသများ၌ ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းကို ဆက်လက်ပြီး လေးနက်စွာ တွန်းအားပေးမည် ဖြစ်ပြီး၊ စားဝတ်နေရေးနှင့် ပညာသင်ကြားရေး၊ အခြေခံ ဆေးဝါးကုသရေး ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးမည် ဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့က ပီကင်း၌ ပြောကြားပါသည်။

ဆင်းရဲမှု ပပျောက်ရေး သုံးနှစ်တာ ဆောင်ရွက်မှု ရည်မှန်းချက်၏ ပထမနှစ် ဖြစ်သည့် ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ဆင်းရဲသူ ဦးရေ ၁၃၈ သိန်း ၆ သောင်းကျော် လျော့နည်း လာပြီး ဆင်းရဲမှု ဖြစ်ပွါးနှုန်းမှာ ၂၀၁၇ ခုနှစ်ကထက် ၁့ ၄၃ ရာခိုင်နှုန်း ကျဆင်း လာကာ၊ နှစ်စဉ် ဆင်းရဲသူ ဦးရေ ၁၀ သန်း လျော့နည်းစေရန် ရည်မှန်းချက် တာဝန်ကို ၆ နှစ် ဆက်တိုက် လျာထားချက်ထက်ပိုများအောင် ဖေါ်ဆောင်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio