• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ချန်အို အမှတ်-၄ လကမ္ဘာစူးစမ်းရေးလုပ်ငန်းဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ

(GMT+08:00) 2019-02-21 09:25:14

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၀ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ချန်အို အမှတ်-၄ လကမ္ဘာ စူးစမ်းလေ့လာရေး လုပ်ငန်းဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ အာကာသ စူးစမ်းလေ့လာရေးမှာ အဆုံးသတ်စည်း မရှိကြောင်း၊ တရုတ်ပြည် သိပံ္ပနည်းပညာ ဝန်ထမ်းများ၊ အာကာသ လုပ်ငန်း ဝန်ထမ်းများ အနေနှင့် လကမ္ဘာ စူးစမ်းလေ့လာရေး ရည်မှန်းချက် ဖေါ်ဆောင်ရန်အတွက် ချီတက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အာကာသလုပ်ငန်း တိုးတက်ရေး အတွက် ဆက်လက် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ လူသားများက အာကာသကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် လူသား ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရေးကို တွန်းအားပေးရန် တရုတ်ဥာဏ်တော်၊ တရုတ် စီမံကိန်းနှင့် တရုတ် အင်အားကို ဆောင်ပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ (ကျော့)

   Webradio