• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road သည် ရုရှားနိုင်ငံ၏လုပ်ငန်းစဉ်များအကောင်အထည်ဖော်ရန် ထောက်ကူ

(GMT+08:00) 2019-02-21 14:55:43

ရုရှားစီးပွါးရေးဖွံဖြိုးမှုဝန်ကြီးအိုရီစ်ကီက Belt and Road အဆိုပြုချက်သည် ရုရှားနိုင်ငံတွင် လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရန် အကျိုးပြုနိုင်ကြောင်း၊ ဥရောပ-အာရှစီးပွါးရေးမဟာမိတ်နှင့် Belt and Road ချိတ်ဆက်ရေးဆိုင်ရာဟန့်တားမှုများ လျော့ချခြင်းသည်ဥရောပ-အာရှစီးပွါးရေးတစ်ပြေးညီပတ်ဝန်းကျင်အတွက်အကျိုးရှိမည်ဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့က မော်စကိုမြို့တွင် ပြောကြားခဲ့သည် ဟုဆင်ဟွာသတင်းအရ သိရပါသည်။

အိုရီစ်ကီက ရုရှား-တရုတ်နှစ်နိုင်ငံသည် စီးပွါးရေးချိတ်ဆက်မှုကို တွန်းအားပေးပြီး အဟန့်အတားများကို ဖယ်ရှားရမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် နှစ်နိုင်ငံစီးပွါးရေး နယ်ပယ်တွင်ကုန်ပစ္စည်း၊ဝန်ဆောင်မှုနှင့်လူစွမ်းအားအရင်းအမြစ်များဆိုင်ရာအဟန့်အတားများကို အတတ်နိုင်ဆုံးဖယ်ရှားပေးလိုပါကြောင်းပြောကြားခဲ့သည်။

   Webradio